မအူပင်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်ပွဲကျင်းပ

မအူပင် စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်ပွဲအား ယမန်နေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မအူပင်ခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးအောင်မှ သန်းခေါင်စာရင်း ဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတိုးတိုးဝင်းမှ သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့် Tablet နှင့်ဆက်စပ်ပစ္စည်းများ၊ သင်တန်းလမ်းညွှန်စာအုပ်များအား သင်တန်းသား၊ သင်တန်းသူများထံ ပေးအပ်သည်။

အဆိုပါသင်တန်းအား နည်းပြဆရာ၊ ဆရာမ (၁၅)ဦးနှင့်ကြီးကြပ် ဆရာ၊ ဆရာမ (၃)ဦးတို့မှ စာရင်းစစ်၊ စာရင်းကောက် သင်တန်းသား၊ သင်တန်းသူ(၂၄၁)ဦးအား နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာ(၁၇)ရက်နေ့မှ (၂၉)ရက်နေ့ထိဖြစ်ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)