လဲချားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက်(၉)နာရီအချိန်က စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့် အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ် အ.ထ.ကခွဲ၊ လ(၁)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အ.ထ.က-ခွဲ၊ လ(၁)ကျောင်းရှိပညာ့အားမာန် ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ညနေ ၆ နာရီက စတင်၍ ရပ်ကွက်များအတွင်း မီးငြှိမ်းသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ခြင်း ဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် မင်းဘူးမြို့နယ် စကုမြို့၌ မြို့ပြသန့်ရှင်းသာယာရေးအတွက် ရေစီးရေလာကောင်းမွန်ရေး ကျောက်စီရေနုတ်မြောင်း တည်ဆောက်နေမှုလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများလိုက်ပါ၍ ယမန်နေ့မွန်းတည့် ၁၂ နာရီက စကုမြို့၌ မြို့ပြသန့်ရှင်းသာယာရေးအတွက် ရေစီးရေလာကောင်းမွန်စေရန် ကျောက်စီရေနုတ်မြောင်း တည်ဆောက်နေမှုလုပ်ငန်းခွင်အား လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရကျွေးမွေးခြင်း၊ ဆန်၊ စားသုံးဆီ၊ ကြက်ဥနှင့် တိုင်းရင်းဆေးဝါးများကို စျေးနှုန်းသက်သာစွာရောင်းချပေးခြင်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အာဟာရကျွေးမွေးခြင်း၊ ဆန်၊ စားသုံးဆီ၊ ကြက်ဥနှင့် တိုင်းရင်းဆေးဝါးများ စျေးနှုန်းသက်သာစွာရောင်းချပေးခြင်းများ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့နှင့် ပြည်သူ့ဆေးရုံကိုးထပ်ဆောင်တို့၌ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၌ အသက်အာမခံ၊ ကျန်းမာရေးအာမခံအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ်(၃)ရပ်ကွက်၊ ဆရာဇော်ဂျီ စာကြည့်တိုက် ဗေဒါခန်းမတွင် AIA. Myanmar မှ ကြီးမှူးကျင်းပသော အသက်အာမခံ၊ ကျန်းမာရေး အာမခံအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းရင်းသားလူမျိုးပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်

၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့၊ ဖူဆယ် အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဗန်းမော်မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား ပင်စင်လစာငွေများကို ဇန်နဝါရီလ ၂၂ ရက် နံနက် ၇ နာရီအချိန်မှ စတင်ထုတ်ပေး လျက်ရှိကြောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုခရိုင်အုပ်ချုပ်ရေးမှုး ဦးသိန်းစိုး၏ဦးဆောင်မှုဖြင့် ပင်စင်စားများကို ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆေးဝါးကုသမှုခံယူနိုင်ရေး၊ အာဟာရဒါနပြု ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။     
Subscribe to