ရွှေသောင်ယံ စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့နံနက် (၁၀)နာရီက Women Club အဖွဲ့ဝင်များနှင့် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ရီရီလွင်မှ သင်တန်းပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားသည်။
ရည်ရွယ်ချက်တွင် အမျိုးသမီးများ အိမ်တွင်းလက်မှုအတက်ပညာတစ်ခုခု ရရှိစေရန် ရည်ရွယ်ကြောင်းနှင့် မိသားစုအပိုဝင်ငွေ ရရှိစေရန်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းလာတက်ကြသော Women Club အဖွဲ့ဝင်အမျိုးသမီးများအား သင်တန်းခေါင်းဆောင်မှ ဆပ်ပြာဆီအား အချိုးကျရောစပ်ပြုလုပ်ရပုံ လုပ်ငန်းအဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြား၍ လက်တွေ့ဖျော်စပ်ပြသခဲ့ကြသည်။
အဆိုပါ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို စက်တင်ဘာ(၁၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၂)ရက်တာပြုလုပ် သင်ကြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)