ဂျုံမျိုးသစ်များ စိုက်ပျိုးသရုပ်ပြပွဲနှင့် တောင်သူများ ပါဝင်မျိုးရွေးချယ်ပွဲနှင့် ရှမ်းပြည်နယ် အာလူးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပ
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇန်နဝါရီ(၂၀)ရက်ညနေ(၄)နာရီခွဲက ဒေသသုတေသနဗဟိုဌာန၊ အောင်ပန်းအစည်းအဝေးခန်းမ၌ ဂျုံမျိုးသစ်များ စိုက်ပျိုးပြပွဲနှင့် တောင်သူများမှ မျိုးရွေးချယ်ပွဲသို့ တက်ရောက်ကြကြောင်း သိရသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မျိုးကောင်းသည့်ဂျုံများကို အထွက်နှုန်းကောင်းအောင် ဆောင်ရွက်ကြရန်၊ ဂျုံသီးနှံကိုဖွံ့ဖြိုးတိုးတက်အောင် တောင်သူများမှ ဆောင်ရွက်ပေးကြရန်နှင့် တောင်သူများအနေဖြင့် မည်သည့်သီးနှံမဆို စိုက်ပျိုးပေးကြရန် ပြောကြားသည်။