မုဒုံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်လှစ်

မုဒုံ    စက်တင်ဘာ     ၁၈

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က အ..က ()ကျောင်း၌ ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးဆန်းဦးက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို လာမည့်အောက်တိုဘာလ  (၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများအတွက် ခိုင်လုံသောအခြေခံအချက်အလက်များဖြစ်သည့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းတွင် အချက်အလက်များတိကျမှန်ကန်စွာရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အမှာစကားပြောကြားသည်။

သင်တန်းတွင် သင်တန်းနည်းပြ ()ဦးက သန်းခေါင်စာရင်းလုပ်ငန်းစဥ် စာရင်းစစ်၊ စာရင်းကောက်များ၏အခန်းကဏ္ဍများနှင့်တာဝန်များ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ လူဦးရေဆိုင်ရာအချက်အလက်များ စသည့်သင်ခန်းစာများကို သင်တန်းသား (၉၇)ဦးအား(၁၂) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)