မုံရွာ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး အစုးရအဖွဲ့၏ အနီးကပ်လမ်းညွှန်စီစဥ်ပံ့ပိုးပေးမှုဖြင့် အမှတ်(၁၇)ယာဥ်ထိန်းဒုတပ်ဖွဲ့ခွဲ စစ်ကိုင်း၊ မြို့နယ်စည်ပင်နှင့်မြို့နယ်လျှပ်စစ်ဌာနတို့ ပူးပေါင်းပြီး မုံရွာမြို့ပေါ်အတွင်း သွားလာနေသော ပြည်သူများအတွက် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးကို အထူးအလေးထား၍ မီးပွိုင့်(၁၀)ခုအား ပြုပြင်ခြင်းနှင့် ဆိုလာစနစ်တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နေ့ချင်းပြီး စနစ်တကျတပ်ဆင်ဆောင်ရွက်နိုင်သောကြောင့် လမ်းအသုံးပြုဖြတ်ကူးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အလွယ်တကူသွားလာနိုင်ပြီဖြစ်ကြောင်းသိရသည်။
ထိုသို့ မီးပွိုင့်များ ပြုပြင်ခြင်းနှင့် ဆိုလာစနစ်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက မုံရွာမြို့ပေါ်ရှိ တမာတန်းမီးပွိုင့်ပြင်ဆင်ခြင်း Solar System လပ်ဆင်ခြင်း၊ ကျောက္ကာမီးပွိုင့်ပြင်ဆင်ခြင်း၊ Solar System တပ်ဆင်ခြင်း၊ ဇောတိက မီးပွိုင့်ပြင်ဆင်ခြင်း၊ Solar System တပ်ဆင်ခြင်း၊ ရေစင်မီးပွိုင့် Solar System တပ်ဆင်ခြင်းနှင့် မီးပွိုင်ပြင်ဆင်ခြင်း၊ သာစည် မီးပွိုင် Solar System တပ်ဆင်ခြင်းနှင့် မီးပွိုင့်ပြင်ဆင်ခြင်း၊ ထန်းတော မီးပွိုင် Solar System တပ်ဆင်ခြင်းနှင့် မီးပွိုင့်ပြင်ဆင်ခြင်း၊ ရန်ကင်းမီးပွိုင် Solar System တပ်ဆင်ခြင်းနှင့် မီးပွိုင့်ပြင်ဆင်းခြင်း၊ ရေကူးကန် မီးပွိုင် Solar System တပ်ဆင်ခြင်းနှင့် မီးပွိုင့်ပြင်ဆင်ခြင်း၊ မြို့လယ်မီးပွိုင် Solar System တပ်ဆင်ခြင်းနှင့် မီးပွိုင့်ပြင်ဆင်ခြင်း၊ မြို့ပတ်လမ်းဘဏ်မီးပွိုင့် Solar System တပ်ဆင်ခြင်းနှင့် မီးပွိုင့်ပြင်ဆင်ခြင်းတို့ကို နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းတို့ကြောင့် မုံရွာမြို့အတွင်း လမ်းသွားလမ်းလာပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အလွယ်တကူသွားလာနိုင်ခြင်း၊ မော်တော်ယာဥ်၊ မော်တော်ဆိုင်ကယ်များ စနစ်တကျ ဖြတ်သန်းသွားလာနိုင်ခြင်းတို့အပြင် ယာဥ်တိုက်မှုများ မရှိသလောက်ကင်းဝေးသွားသဖြင့် ဝမ်းမြောက်ဝမ်းသာ ပီတိဖြစ်ကြောင်း ဒေသခံများ၏ ရင်တွင်းစကားကိုကြားသိရသည်။
ခရိုင်(ပြန်/ဆက်)