ရေများပြန်လည်ကျဆင်းသွားသည့် အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကျောက်ဆည် စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေ၊ မြစ်ရေများလျှံတက်ကာ ရပ်ကွက်ကျေးရွာအချို့နှင့် အခြေခံပညာကျောင်းများတွင် ရေများဝင်ရောက်ခဲ့ပြီး ယခုအခါရေများ ပြန်လည်ကျဆင်းသွားသည့်အတွက် ယနေ့နံနက်()နာရီခွဲက အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက် အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်းတွင် စာသင်ခန်းများအတွင်း၌ ကျန်ရစ်ခဲ့သော ရွှံ့နွံများ၊ အမှိုက်များအား ကျောက်ဆည်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တပ်နယ်၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျောင်းသား မိဘများနှင့် ရပ်ကွက်ပြည်သူစုစုပေါင်း အင်အား(၈၀)ဦးခန့်မှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြစ်သားမြို့ ရှမ်းပွဲရပ်ကွက် မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တပ်နယ်၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူစုစုပေါင်းအင်အား (၁၅၀)ဦးတို့မှ ကျောင်းဝင်းအတွင်း စာသင်ခန်းများနှင့် စာသင်ခုံများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)