ငပုတောမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သက္ကယ်ချောင်းကျေးရွာနှင့် ဝက်ဆူကျေးရွာတို့တွင် နေရောင်ခြည်စွမ်းအင်သုံးဆိုလာ ရေတင်စနစ်ဖြင့် နွေစပါးစိုက်ခင်းများအား ရေသွင်းဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သက္ကယ်ချောင်းကျေးရွာနှင့် ဝက်ဆူကျေးရွာတို့တွင်နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ စနစ်ဖြင့် နွေစပါးစိုက်ခင်းများအား 5.5 HP HP (8”)၊Inclined Pump 7.5 KW Inventer၊9.9 KW Solor များ တပ်ဆင်ဆောင်ရွက်၍ ရေသွင်းထားရှိမှု အခြေအနေအား ယမန်နေ့ မွန်းလဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးထွန်းမျိူးသန့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

မိုင်းခတ်မြို့နယ် ပင်း‌ကွေကျေးရွာတွင် ဆီထွက်သီးနှံနေကြာစိုက်ခင်းကွင်းသရုပ်ပြပွဲ ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်ကျေးရွာအုပ်စု ပင်းကွေကျေးရွာတွင် စိုက်ပျိုးထားသော ဆီထွက်သီးနှံနေကြာစိုက်ခင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကံမမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး (campaign)ပြုလုပ်ခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ ဖြန့်ဝေခြင်း‌ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း campaign နှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇)နာရီက အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား "အခမဲ့"ကျန်းမာရေးစောင့်ရှောက်မှုပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း​များအား ပင်စာလစာများ စတင်ထုတ်ပေးလျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်(၈)နာရီက ကျန်းမာရေးစောင့်ရှောက်မှုများကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ငဖဲမြို့နယ်၌ ဆောင်းသီးနှံများစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ (၆၈၈၃)ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံ၊ ရင်းရှည်ရေလှောင်တမံမှ ဆည်ရေများနှင့် မြေအောက်ရေတို့ကို အသုံးပြု၍ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် ပဲမျိုးစုံ (၆၈၈၃)ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် (၄၃၇)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။

လယ်ဝေးခရိုင် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ ခရိုင်ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ Box Culvert တည်ဆောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် Box Culvert (၂၆' × ၅'× ၅') သုံးစင်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်းစာအပြင် ပြင်ပစာပေများ လေ့လာသိရှိခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရေး၊ ဗလငါးတန်ပြည့်စုံကြွယ်ဝပြီး ဘက်စုံထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်လာစေရေး ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရွှေဘိုတက္ကသိုလ်၌(အ​ဝေးသင်သင်တန်း) နဝမအကြိမ်​မြောက် ဘွဲ့နှင်းသဘင် ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုတက္ကသိုလ်တွင် (အ​ဝေးသင်သင်တန်း) နဝမအကြိမ်​မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယ​နေ့ နံနက် ( ၉)နာရီချိန်က တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to