လက်ပံတန်း၌ လူဦးရေနှင့်သန်းခေါင်းစာရင်းကောက်ယူနိုင်ရေး​ မြို့နယ်အဆင့်စာရင်းစစ် စာရင်းကောက် သင်တန်းဖွင့်လှစ်

လက်ပံတန်း စက်တင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ် စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က GTI ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိုးမိုးက သင်တန်းနည်းပြများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သင်တန်းသူသင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှ ၂၈ ရက်အထိ ၁၀ ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး လက်ပံတန်းမြို့နယ်အတွင်းမှ စာရင်းစစ် စာရင်းကောက် သင်တန်းသားသင်တန်းသူ စုစုပေါင်း (၂၀၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးမင်းထွန်း