ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသည့်လမ်းများ အမြန်ပြန်လည်သွားလာနိုင်ရေး ဆွေးနွေး

ဟိုပုံး စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လွယ်အွန့်ကျေးရွာအုပ်စု၊ ရန်ကင်းဘုန်းတော်ကြီးကျောင်းတွင် သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသည့် လမ်းများအမြန်ပြန်လည်သွားလာနိုင်ရေး ဆရာတော်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ရန်ကင်းဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆွေးနွေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးဌေးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းတို့က ဖက်ရမ်းကျေးရွာအုပ်စု၊ နောင်လိုင်မူဖိတ်ကျေးရွာတို့တွင် သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသည့် လမ်းများအမြန်ပြန်လည်ပြုပြင်ရေး၊ မြေပြို၍ ပိတ်ဆို့နေသောရွာများရှိ ဒေသခံပြည်သူများ စားရေရိက္ခာပြတ်တောက်မှုမရှိစေရေးအတွက် ပိတ်ဆို့နေသောလမ်းများကို ကျေးလက်လမ်းဦးစီးဌာနမှ စက်ယန္တရားများဖြင့် အမြန်ဖယ်ရှားဆောင်ရွက်ပေးနိုင်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)