ရွာငံမြို့နယ်အတွင်းရှိ ပင်စင်လစာ လာရောက်ထုတ်ယူသူများအား အာဟာရဒါနနှင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာ လာရောက်ထုတ်ယူသူအား အာဟာရဒါနနှင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့နံနက် (၇)နာရီမှစ၍ ပင်စင်လစာ ထုတ်ပေးခြင်းနှင့်အတူ ဆောင်ရွက်ပေးခဲ့ကြသည်။