တပ်ကုန်းမြို့နယ်အတွင်း ရေဘေးသင့်ခံရသော ရပ်ကွက်၊ ကျေးရွာများမှ တိရစ္ဆာန်သေပျောက်မှု စာရင်း ကောက်ယူ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ၍ ပွဲစားရေလွှဲဆည်၊ မုန်ဆည်၊ ကင်းသာဆည်များ ကျိုးပေါက်ရေလျှံခြင်းနှင့် နဝင်းချောင်း ရေလျှံမှုကြောင့် နဝင်းချောင်းဘေး ဝဲ၊ ယာတွင်ရှိသော ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံဖြစ်ပွားခဲ့ရာ တိရစ္ဆာန်များသေပျောက်မှု တိကျမှန်ကန်စေရန် နေပြည်တော် ကောင် စီဝင် ဦးဇေယျာလင်း အနီးကပ်ကြီးကြပ်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စက်တင် ဘာ ၁၃ရက်မှ ယနေ့ထိ စာရင်းကောက်ယူခဲ့ခြင်းကြောင်း သိရသည်။