ကျိုင်းတုံမြို့နယ် ဝမ်အွယ်အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းဆိုင်းဘုတ်တင်ပွဲကျင်းပ
ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဝမ်အွယ်၊ အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ဆိုင်းဘုတ်တင်ပွဲကို ဇန်နဝါရီ ၁၈ ရက်က ကျင်းပရာ အမှတ်(၉၀၉) အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမြှောက်စစ်ဆင်ရေး ကွပ်ကဲမှူး ဗိုလ်မှူးချုပ် ထင်ကျော်စိုး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်-၃ ဦးလုကာ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ပညာရေးမှူး ဒေါ်ခင်ညိုညိုနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။