ကျိုင်းတုံ ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဝမ်အွယ်၊ အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ဆိုင်းဘုတ်တင်ပွဲကို ဇန်နဝါရီ ၁၈ ရက်က ကျင်းပရာ အမှတ်(၉၀၉) အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမြှောက်စစ်ဆင်ရေး ကွပ်ကဲမှူး ဗိုလ်မှူးချုပ် ထင်ကျော်စိုး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်-၃ ဦးလုကာ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ပညာရေးမှူး ဒေါ်ခင်ညိုညိုနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။
အဆိုပါကျောင်းသည် ယခင်အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မှစ၍ အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အတတ်ပညာများတွဲဖက်သင်ကြားပေးသည့် အခြေခံပညာစက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း အထက်တန်းကျောင်းအဖြစ်ဖွင့်လှစ်သင်ကြားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါကျောင်း၌ အခြေခံပညာ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့် ကျောင်းသင်ခန်းများ သင်ကြားပေးသည့်အပြင် အလယ်တန်းအဆင့် Grade-9 ပြီးမြောက် အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများသည် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အတတ်ပညာများ ဆက်လက်သင်ယူလေ့ကျင့်နိုင်ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)