ကလောမြို့ပေါ် ရပ်ကွက်နေပြည်သူများအတွက် သောက်သုံးရေများ ပြန်လည်ရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်‎နေ့မှ ၁၂ ရက်နေ့အထိ ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါရေကြီးရေလျှံမှုကြောင့် ကလောမြို့နယ်စည်ပင်သာယာရေး ဌာနမှ မြို့သောက်သုံးရေဖြန့်ဝေပေးသော အင်းပြင်ရေထွက်မှ ရေပေးဝေရေးလုပ်ငန်းများ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။

ငါးသိုင်းချောင်းမြို့ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီက စာပေချစ်သူများအသင်း (Book Club) နှင့် လူငယ်အသင်း (Youth Club)၊ အမျိုးသမီးအသင်း (Women Club)တို့  ပူးပေါင်း၍ စာရေးဆရာ ဖေမြင့် ရေးသားသည့် အပြောင်မြောက်ဆုံးဘဝ တစ်ခုတည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် တိုင်းရင်းဆေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်​ရေးအသင်းနှင့် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့ပူးပေါင်း၍ လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် ရောဂါဘယကင်းစေရေးဟူသော ရည်မှန်းချက်များဖြင့် ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  တိုင်းရင်းဆေးအကြောင်း သိကောင်းစရာဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း လမ်းပေါ်ရေကျော်နေမှုအခြေအနေများနှင့် လမ်း၊ တံတားများ ပျက်စီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် ကောင်စီဝင် ဦးမင်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၈ နာရီအချိန်က တပ်ကုန်းမြို့နယ်အတွင်းရှိ နေပြည်တော်- ကင်းသာ - ကိုးကွေ့ - လိန်းလီ- ပင်လောင်းလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၃/၀) တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပေါ်ရေကျော်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာသို့ သွားရောက်၍ ဒေသခံပြည်သူများအား ယမန်နေ့နံနက် (၉) နာရီအချိန်က ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး‌ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကပကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးတုံ့ပြန်တိုက်ကျွေးခြင်းလုပ်ငန်း(Oral Cholera Vaccine - OCV) မြို့နယ်အဆင့်အသိပေးဆွေနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးတုံ့ပြန်တိုက်ကျွေးခြင်းလုပ်ငန်း (Oral Cholera Vaccine OCV) မြို့နယ်အဆင့်အသိပေးဆေးနွေးပွဲအား ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရမည်းသင်းမြို့နယ်တွင် ရေဘေးသင့် မိသားစုများအား ထောက်ပံ့ငွေများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာ၌ မိုးအဆက်မပြတ်ရွာသွန်ခြင်းကြောင့် ရေတိုက်စားပျက်စီးသည့်အိမ်ထောင်စုများနှင့် သေဆုံးသည့် မိသားစုများအား ရမည်းသင်းမြို့နယ်သာသနာနုဂ္ဂဟ ဝန်ဆောင်သံဃာတော်များအဖွဲ့နှင့် ရမည်းသင်းမြို့ တွဲလက်ညီ ရေဘေးကူညီထောက်ပံ့ရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက သပြေပင်ကျေးရွာ အလယ်တန်းကျောင်း ရေဘေးကယ်ဆယ်စောင့်ရှောက်ရေးစခန်း၌ ပြန်လည်ထူထောင်ရေး အလှူငွေများအိမ်ထောင်စုအလိုက် လက်ရောက်ထောက်ပံ့ပေးအပ်ကြသည်။

ရွှေသောင်ယံမြို့ အ.ထ.က(အုန်းချောင်း) တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စုရှိ အ-ထ-က (အုန်းချောင်း) စာသင်ကျောင်းတွင်   ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၄) ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to