အောင်မြေသာစံမြို့နယ် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း အခမ်းအနားကျင်းပ

အောင်မြေသာစံမြို့နယ် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း အခမ်းအနားကျင်းပ အောင်မြေသာစံ စက်တင်ဘာ ၂၀ မြင့်မော်ထွန်း

ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး‌ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ ဆိုင်ကယ်စက်ပြင် သင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကပကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ယာယီရေဘေးရှောင်ပြည်သူများအား အဝတ်အထည်၊ ငွေနှင့် ဆန်များထောက်ပံ့ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် စစ်တောင်း မြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုဖြစ်သော အောင်ချမ်းသာ ရပ်ကွက်အတွင်းရှိ ယာယီရေဘေးရှောင်ပြည်သူများအား ယနေ့နံနက် ၁၀ နာရီအချိန်က  အဝတ်အထည်၊  ငွေနှင့်ဆန်များ ထောက်ပံ့ပေးခဲ့သည်။

ချောင်းဆုံမြို့နယ် ကရင်ဝင်းစိန် အ.ထ.က (ခွဲ) ကျောင်းတွင် “လူငယ်စကားဝိုင်း” ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က ကရင်ဝင်းစိန် အ.ထ.က (ခွဲ) ကျောင်းခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။

ဖျာပုံမြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဒုတိယနေ့ လူငယ်စကားဝိုင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား စက်တင်ဘာ (၁၉)ရက်နေ့မှစတင်၍ ကျင်းပဆောင်ရွက်ခဲ့ရာ ပွဲတော် ဒုတိယနေ့ ယနေ့နံနက်(၉)နာရီ အချိန်တွင် ပွဲတော်ကျင်းပရာ အ.ထ.က(၃)ကျောင်း၊ မြမဉ္ဇူကျောင်းခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်သည်။

ကန့်ဘလူမြို့၌ သတင်းရေးသားနည်းသင်တန်း( ၃/၂၀၂၄) ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့ခေတ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဝန်ထမ်းတိုင်း နည်းပညာပိုင်းနှင့် သက်ဆိုင်သည့် အတွေးအခေါ်များ မြင့်မားတိုးတက်လာစေရန်နှင့် သတင်းရေးသားတတ်စေရန် ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်း(၃/၂၀၂၄)ကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည်တိုက်ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊  နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က ဒေးဒနောကျေးရွာ အ.မ.ကမူလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပေါင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က (အ.မ.က) ထန်း‌တောကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။
Subscribe to