ဆိပ်ဖြူ ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ရှိ ဇီးချိုပင်ကိုင်းကူစိုက်ပျိုးထားခြင်းမှ ဇီးသီးပေါ်ချိန်၌ မိသားစုဝင်ငွေရရှိလျက်ရှိ ကြောင်းသိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ယာမြေဥယျာဉ်စိုက်ခင်းများ၌ ဇီးပင်များကိုစိုက်ပျိုးကြရာ ထိုမှတဆင့် မျိုးကောင်းမျိုးသန့် ဇီးချိုကိုင်းများကိုရယူ၍ စီးပွားဖြစ် ကိုင်းကူးစိုက်ပျိုးဆောင်ရွက်ခဲ့ကြပြီး ဇီးသီးပေါ်ချိန်ကာလ၌ ဒေသခံပြည်သူများနှင့် ရပ်ဝေးပြည်သူများက ရာသီပေါ်ဇီးချိုသီးများကို လာရောက်ဝယ်ယူစားသုံးကြသည်။ လက်ရှိ မိမိပိုင်ဇီးခြံအတွင်းမှ အပင် (၈၀) ခန့် ကိုင်းကူးစိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအတွက် ဇီးသီးများခူးဆွတ်ပြီး ဧပြီလအတွင်း၌ ဇီးကိုင်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခုတ်ထားသည့် ဇီးကိုင်းများကိုထိပ်၌ ထုံးသုတ်ခြင်းများဆောင်ရွက်ပေးရကြောင်း၊ မိုးတွင်းကာလ၌ ဇီးပင်ပတ်လည်၌ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ရေဝပ်ကျင်းများတူးဖော်ဆောင်ရွက်ထားရှိပြီး ဇီးပွင့်များစုံသည့်အချိန်၌ ပိုးသတ်ဆေးနှင့်အသီးအပွင့် အားဆေးတို့ကို ပက်ဖျန်းပေးခြင်း ရာသီးချိန်မဟုတ်ပဲ သီးသည့် ဇီးသီး(အတည်)များကို ခူးချွေပေးရပြီးနောက် လက်ရှိထွက်ပေါ်လာသည့် ဇီးသီးများကို ဈေးကွက်အတွင်းဖြန့်ချီရောင်းချနေရကြောင်း ဇီးချိုသီးတစ်ပြည်လျှင် လက်ရှိ (၂၀၀၀) ကျပ်ဖြင့် ရောင်းချနေရပြီး တစ်နေ့လျှင် နေ့စဉ်ဝင်ငွေ (၃၀၀၀၀) ကျပ်ရှိကြောင်း ၊ ဇီးချိုသီးကို နှစ်စဉ် ဒီဇင်ဘာလယ်မှ မတ်လထိ ခူးဆွတ်ရောင်းချရပြီး နွေရာသီကာလများတွင် ဇီးသီးအချိုခြောက်များ ကိုထပ်မံရောင်းချရပြီး ဇီးသီးတစ်ရာသီဝင်ငွေမှာ (၁၅) သိန်းကျပ်ခန့်ရရှိသလို တစ်နှစ်တစ်ခါ ဇီးကိုင်းများခုတ်ထွင်ရှိလင်းရာမှ ထွက်ရှိသောဇီးသားထင်းများကို မုန့်ကြော်လုပ်ငန်းလုပ်ကိုင် သူများက လာရောက်ဝယ်ယူကြပြီး ဇီးထင်းရောင်းရငွေ (၃)သိန်းကျပ်ခန့်ထပ်မံရရှိကာ ဇီးစိုက်ခင်းမှ ကျပ်(၁၈)သိန်းခန့် ဝင်ငွေရရှိခဲ့ကြောင်း ပြောကြားသိရှိရသည်။
ကိုဇွဲ(အညာမြေ)