တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင်  စာဖတ်ဝိုင်းပြုလုပ်

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ် ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့် ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က စာရေးဆရာ ဗန်းမော်သိန်းဖေရေးသားသည့် “မျှဝေလိုသော အတွေးများ (၃)” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုက်ရေးဦးစီးဌာနမှ ရေဘေးသင့်မှုကြောင့် ပျက်စီးခဲ့သော လက်နှိပ်ရေတွင်း၊ စက်တွင်းများအား ရေမှုတ်ခြင်း၊ တွင်းသန့်ရှင်းရေး အခမဲ့ဆောင်ရွက်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး၊ တောင်ကျချောင်းရေများ၍ ပွဲစားရေလွှဲဆည်၊ မုန်ဆည်၊ ကင်းသာဆည်များ ကျိုးပေါက်ရေလျှံခြင်းနှင့် နဝင်းချောင်းရေလျှံမှုကြောင့် နဝင်းချောင်းဘေး ဝဲ၊ ယာတွင်ရှိသော ရပ်ကွက်၊ကျေးရွာများတွင်ရေကြီးရေလျှံဖြစ်ပွားခဲ့ရာ ရေဝင်ရောက်ခဲ့ရသောကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစေရန် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း အနီးကပ်ကြီးကြပ်ပြီး၊ မြို့နယ်ကျေ လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်နှိပ်ရေတွင်း၊ စက်ရေတွင်းများကို ရေမှုတ်ခြင်း၊ တွင်းသန့်ရှင်းရေးလုပ်ငန်းများကို စက်တင်ဘာ ၁၃ရက်နေ့မှ ယနေ့ထိ အခမဲ့ဆောင်ရွက်ပေး လျက်ရှိသည်။

ဆင်ပေါင်ဝဲမြို့နယ် ကြာအင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကြာအင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး  “လူငယ်စကားဝိုင်း”ကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်း စိန်ရတနာဆောင်တွင်ကျင်းပခဲ့သည်။

နတ်မောက်ရေလှောင်တမံရေပိုလွှဲမှ (၄.၅)ပေ ရေကျော်ကျ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စက်တင်ဘာလဆန်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက် ၉ နာရီတွင် ဆည်ရေတိုင်းထွာချက်အရ ရေပြည့်အမှတ်ထက် ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မိုင်းယုမြို့၌ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်၊ အရေးပေါ်တုံ့ပြန်နိုင်ရေး လေ့ကျင့်သရုပ်ပြ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်၊ အရေးပေါ်တုံ့ပြန်နိုင်ရေး လေ့ကျင့်သရုပ်ပြဆောင်ရွက်မှုကို ယမန်နေ့ညနေပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မိကျောင်းတက်ကျေးရွာတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအသိပညာပေး‌ ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲကအမရပူရ မြို့နယ်၊ မိကျောင်းတက်ကျေးရွာ၊ ရွာလည်ဘုရားဝန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်ရှိ ပုလင်းဆည်၊ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်

 မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်  စက်တင်ဘာလဆန်းပိုင်းက  စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက် ၉ နာရီအချိန် ဆည်ရေတိုင်းထွာချက်အရ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြိုနယ် ကုန်းသာကျေးရွာနှင့် လိုက်ကတူးကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေထုတ်ချေးခြင်း အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ (၉)ကြိမ်မြောက် ထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပေါင်လင်းကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာနှင့် လုံဟေးကျေးရွာအုပ်စု၊ လိုက်ကတူးကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to