ကျိုက်မရော ဇန်နဝါရီ ၂၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အ.လ.က.ခွဲ သင်္ကန်းချောင် ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီ ပွဲတော်နှင့် ဆုချီးမြှင်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၀ ရက်နံနက်၉နာရီ က. အ.လ.က ခွဲသင်္ကန်းချောင် ကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို ကျောင်းသား ကျောင်းသူများက တူယှဥ်နွဲပျော် စုံညီပွဲတော် သီချင်းဖြင့် ဖွင့်လှစ်ပေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောအုန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဆွေကပညာရေး စုံညီပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လက်ထောက်ပညာရေးမှူး ဦးမျိုးဆန်းက ပညာရေး စုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြားပြီး မြို့နယ်အဆင့်ဆုရ ရှိသူကျောင်းသား၊ ကျောင်းသူများနှင့် အတန်းလိုက်Aအဆင့်ဆုရရှိသူ များအား ဌာနဆိုင်ရာ များနှင့် ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများကဆုများချီးမြှင့် ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)