ရေတာရှည်မြို့နယ်အတွင်းရှိအခြေခံပညာ အထက်တန်းကျောင်းများသို့ သင်ကြားရေး အထောက် အကူပြုစာရွက်စာတမ်းများနှင့် စာရေးကိရိယာများထောက်ပံ့ပေးအပ်

ရေတာရှည် ဇန်နဝါရီ  ၂၁   

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ၊ အ‌ခြေခံပညာအထက်တန်းကျောင်းများသို့ သင်ကြားရေးအထောက်အကူပြုစာရွက်စာ တမ်းများနှင့်စာရေး ကိရိယာများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။    

အခမ်းအနားတွင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးဥက္ကာသန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃-၂၀၂၄ပညာ သင်နှစ်အောင်ချက်မြင့်မားရေးအတွက် Grade-12 အဆင့်ဖွင့်လှစ်ထားသည့်အထ ကကျောင်း(၁၁) ကျောင်းအားသင်ကြားရေးအထောက် အကူပြုစာရွက်စာတမ်းများနှင့် စာရေးကိရိယာများကိုမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများမှထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါကျောင်းတစ်ကျောင်းလျှင်တစ် သိန်းနီးပါးထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဥက္ကာသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ ဝင်(၁) ဗိုလ်မှူးသန့်ဇင်ဝေ၊ အဖွဲ့ဝင်(၂)ဦးသန့်ဇင်ငြိမ်း၊ ဦးညီညီထွန်း(လဝက)၊ ရဲမှူးဦးဌေးဝင်းအောင်၊ ဒေါ်နော်လင်းခိုင် (စီမံကိန်း)တို့မှ အသီးသီးထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ရေတာရှည်(ပြန်/ဆက်)