ခိုလမ် ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ခိုလမ်မြို့တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က မူလွန်(ဝမ်ဖွီး) ကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆု ပေးပွဲအခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသား/သူလေးများမှ “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့သည်။
ယင်းနောက် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/သူများ၊ အထိမ်းအမှတ်နေ့များတွင် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများမှဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား/သူများမှ အကပဒေသာများဖြင့် စည်ကား သိုက်မြိုက်စွာ ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)