အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် MSMEs လုပ်ငန်းငယ်များ ထူထောင်မည့်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်လမ်းညွှန်မှုဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာပေးသင်တန်းဖွင့်လှစ်ခဲ့မှုများမှ လုပ်ငန်းထူးထောင်လုပ်ကိုင်မည့် သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

ပြင်ဦးလွင်မြို့နယ် ညောင်နီ( အ.လ.က)ခွဲ တွင် စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာဟောပြော‌ပွဲကျင်းပ

လူငယ်ကဏ္ဍကို မြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ‌ဟော‌ပြောပွဲကိုယနေ့‌နံနက် (၉)နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ညောင်နီ(အ.လ.က)ခွဲတွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားသည်။

ဘီးလင်းမြို့နယ်၌ မုန်တိုင်းဘေးနှင့်ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများ၏အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပွားစေရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျှင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ယနေ့နံနက်ပိုင်းက ကန်သာယာရပ်ကွက် ရှင်ဥပဂုတ္တကန်အတွင်း၌ မုန်တိုင်းဘေးနှင့်ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့ကို ဇာတ်တိုက်လေ့ကျင့်လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် စာ‌ပေဖတ်ရှုမှုပိုမိုမြင့်မားလာ‌စေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က  ရန်ကင်းမြို့နယ်လေ့ကျင့်ရေးအလယ်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်၌ စာဖတ်ဝိုင်းပြုလုပ်

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Center ခန်းမ၌ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ"စာအုပ်ဖြင့် Book  Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

တံတားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖက်ဝိုင်းပြုလုပ်ကျင်းပ

ရန်ကုန်တိုင်းသေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန  (Community  Centre) ခန်းမတွင်  စာပေဝါသနာရှင်များနှင့် Youth Club အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။ ‌

မြိတ်မြို့တွင် သဘာဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအချိန်နှင့် တစ်ပြေးညီဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာ(၂၀)ရက်နံနက်ပိုင်းက မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူးရုံးတွင် မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ တွေ့ဆုံခဲ့ကြသည်။

သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ ရသလမ်းဆုံ စာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်မှစာရေးဆရာများနှင့် ကျောင်းသားလူငယ်များ ပါဝင်သော ရသလမ်းဆုံ စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘောဂလိမြို့ လူထုအခြေပြုဗဟိုဌာန၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေး အသိပညာပေးဟော‌ပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်

ကရင်ပြည်နယ် ဘားအံခရိုင် ဘောဂလိမြို့၌ သဘာဝပတ်ဝန်းထိန်းသိမ်းရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတပိုမိုရရှိစေရန် ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to