မိုင်းရှူးမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၄ ခုနှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.ကစုံညီပွဲတော်ကွင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားကို အမှတ် (၁) လှုပ်ရှားစစ်ဗျူဟာ ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်ညိုမင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ ခရိုင်ပညာရေးမှူး ဦးအေးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။