ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(၃၉) ကျောင်း၌ မြို့နယ်အဆင့်အင်္ဂလိပ်စာစွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(၃၉)ကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ်ကျွမ်းကျင် တတ်မြောက်စွာ သင်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ဝန်ထမ်း‌စွမ်းဆောင်ရည်မြှင့်တင်ရေး စိုက်ပျိုးနည်းပညာပေးသင်တန်းဖွင့်လှစ်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့တွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးစိုက်ပျိုးနည်း ပညာပေးသင်တန်းဖွင့်လှစ်ခဲ့ရာ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာတင်မာမာဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ နာဂဒေသဦးစီးမှူး ဦးသိန်းထွန်းတင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ စိုက်ပျိုးရေးဆိုင်ရာပညာ ပေးစာအုပ်/ စာစောင်များ၊ သင်ထောက်ကူပစ္စည်းများ၊ လယ်ယာစီးပွားဂျာနယ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကျောက်တလုံးကြီးမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တပူရွေးရပ်ကွက်တွင် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်စေရန် အိမ်ခြေ(၁၇၀၀)အား အိုးအိမ်များအားဖြည့်ပြင်ဆင် မွမ်းမံခြင်းလုပ်ငန်းများဆောင်ရွက်ပေး

မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ကြံ့ခိုင်မှုရှိစေရန် နေအိမ်များအားဖြည့် ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၊အ‌ခြေခံပညာ အလယ်တန်း‌ ကျောင်း (ပလွန်စာ)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများကျောင်းစာအပြင် ပြင်ပစာပေ ဗဟု သုတများကြွယ်ဝစေရန်၊ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊‌  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် အခြေခံပညာအလယ် တန်း‌‌ကျောင်း  (ပလွန်စာ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်၌ (Grade-9) ဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်ပညာရေးဦးစီးဌာနကကြီးမှူး၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ဘာသာရပ်သင် ဆရာ၊ ဆရာမများ စနစ်သစ်စာမေးပွဲတွင် သင်ခန်းစာများ၊ မေးခွန်းပုံစံများကို အသေးစိတ်သိရှိနားလည်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများကို စနစ်တကျ ပြန်လည်ပို့ချပေးနိုင်စေရန် ရည်ရွယ်၍ (Grade-9) ဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုဖြင့်မန္တလေး တိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က(၂၇)ကျောင်းရှိ အောင်တံခွန်ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီမှစတင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTING MACHINE) (MEVM)အသုံး ပြု၍ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးလေ့လာခြင်း အသိပညာပေး လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆေးပဒေသာပင် အလှူငွေများ မတည်လှူဒါန်း၊ အောင်ပွဲရ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်မှ ဆုရအားကစား သမားများအား ဂုဏ်ပြုချီးမြှင့်

ကချင်ပြည်နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အငြိမ်းစားလစာထုတ်ယူချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ခရိုင်/ မြို့နယ်များအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီ အစဉ်များကို စနစ်တကျ စီမံဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဆေးပဒေ သာပင်အဖြစ် အလှူငွေများ မတည်လှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် ညနေ ၃ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မိုင်းရယ်မြို့နယ်အဆင့် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပသည်။

ညောင်တုန်းမြို့နယ် တူးချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ် စကားဝိုင်းကို ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက တူးချောင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to