ပြင်ဦးလွင်မြို့နယ် ညောင်နီ(အ.လ.က)ခွဲတွင် စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာဟောပြော‌ပွဲ ကျင်းပ

လူငယ်ကဏ္ဍကိုမြှင့်တင်‌ဆောင်ရွက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ‌ဟော‌ပြောပွဲကို ယမန်နေ့‌ နံနက် (၉) နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ညောင်နီ(အ.လ.က)ခွဲတွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ကျောက်ဆည်မြို့နယ်နှင့် မြစ်သားမြို့နယ်တွင် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ရေဘေးသင့်ဒေသများသို့ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကျောက်ဆည်မြို့နယ်နှင့်မြစ်သားမြို့နယ်များတွင် မြစ်ရေများဝင်ရောက်ခဲ့ရာ ပြည်သူများကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲမရှိစေရေး ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးအဖွဲ့ဦးဆောင်မှုဖြင့် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ရေဘေးသင့်ကျေးရွာများသို့ ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မွေးမြူရေးဘဏ်စနစ်ဖြင့် မျိုးကောင်းမျိုးသန့်ဒေသနွားမများပေးအပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရုံး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ် မေထုံမဲ့သားစပ်စီမံချက်အရ မွေးမြူရေးဘဏ်စနစ်ဖြင့် မျိုးကောင်းမျိုးသန့်ဒေသနွားမများပေးအပ်ခြင်းကို နားခံကျေးရွာအုပ်စု ပန်အူ ကျေးရွာ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပေးအပ်ခဲ့ကြောင်းသိရသည်။

ကြံခင်းမြို့နယ် (အ.ထ.က)ရေနံတောင်ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန  မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတတ်စေရန်၊ အနာဂတ်အားကစားသမားကောင်းများပေါ်ထွက်လာစေရန်နှင့် အားကစားကဏ္ဍဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက (အ.ထ.က) ရေနံတောင်ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို့နှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို့များနှင့် စားသောက်ကုန်ပစ္စည်းများအား ယမန်နေ့နံနက် ၉ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့တွင် ရောင်းချပေးလျက်ရှိသည်။

မြောင်းမြမြို့တွင် နွားမေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၃/၂၀၂၄/ဧရာ) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် နွားမေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၃/၂၀၂၄/ဧရာ) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့နယ်တွင် မြတ်ပညာနှင့်အားကစားဆိုင်ရာဟောပြောဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဦးဘလွင်ခန်းမ၌ မြတ်ပညာနှင့်အားကစားပညာဆိုင်ရာဟောပြောဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့‌‌ကြောင်းသိရသည်။

ရေနံချောင်းမြို့နယ်၌ လေပြင်းတိုက်ခတ်ပြီးမိုးရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့တွင် သစ်ပင်များ လဲကျ

ကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ယမန်နေ့ညနေ ၇ နာရီခန့်က လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် မြို့မမြောက်ရပ်ကွက်၊ တွင်းကုန်းရပ်ကွက်နှင့် ညောင်လှရပ်ကွက်များတွင် မြေသားပျော့အိ၍ သစ်ပင်လဲကျမှုများ ဖြစ်ပွာခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ သံလွင်မြစ်ကမ်းဘေးတစ်လျှောက် စွန့်ပစ်အမှိုက်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကြည့်ရှုအားပေး 

အဏ္ဏဝါညစ်ညမ်းမှုလျှော့ချရေး၊ ကမ်းရိုးတန်းသယံဇာတများ ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးတို့အတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက်တွင် မွန်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် မော်လမြိုင်မြို့၊ ကမ်းနားလမ်း သန့်ရှင်းသာယာလှပမှု ရှိစေရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ သံလွင်မြစ်ကမ်း ဘေးတစ်လျှောက် ခြုံနွယ်များ၊ မြက်ပင်များ၊ စွန့်ပစ်အမှိုက်များကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်သူ ပြည်သူများတို့က ဒီရေတက်ချိန် သံလွင်မြစ်အတွင်း မျောပါနေသော စွန့်ပစ်အမှိုက်များအား စုပေါင်းဆယ်ယူ ရှင်းလင်းခြင်းဆောင်ရွက်ခြင်း၊ ကျောင်းသားကျောင်းသူ များအား အသိပညာပေးဟောပြောဆောင်ရွက်နေမှုများအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။  

ညောင်တုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to