သာပေါင်း ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ရေကျနောက်စိုက် ဆင်းသုခ စပါးရိတ်သိမ်းပွဲနှင့် ဆောင်းနေကြာ စံပြကွက် စိုက်ပျိုးဖြစ်ထွန်းနေမှုအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ယမန်နေ့မွန်းလွဲ ၁၂ နာရီအချိန်က ရောက်ရှိကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတတ်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက အောင်တပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၆၈၃)၊ ဦးပိုင် (၂၅/၆)၊တောင်သူဦးကံမြင့် လယ်(၅.၆၀)ဧက၊ရေကျနောက်စိုက်(ဆင်းသုခ)အမျိုးအစား စပါးရိတ်သိမ်းပွဲသို့ တတ်ရောက်ကြကာ စံကွက်ရိတ်သိမ်း အကွက်အမှတ်(၁)မှ (၁၀၇)တင်း၊ စံကွက်အမှတ်(၂)မှ (၁၁၃)တင်း၊ စံကွက် အမှတ်(၃)မှ (၁၀၄)တင်း၊ ပျမ်းမျှ(၁၀၈)တင်း၊အခြောက်ပေါင်ချိန်ကိရိယာဖြင့် ချိန်တွယ်ရာ အခြောက် (၁၀၅)တင်းထွက်ရှိမှုကို အားပေးကြည့်ရှုပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ တောင်သူများနှင့်ရင်းနှီးစွာတွေ့ဆုံ၍ နွေစပါးထပ်မံစိုက်ပျိုးရန်မှာကြားခဲ့ပြီး သဲဖြူကျေးရွာအုပ်စု၊ သန်လျက်စွန်း ကျေးရွာတွင် ဆောင်းနေကြာ စံပြ(၁၀)ဧက စိုက်ပျိုးထားရှိရာ ဖြစ်ထွန်းမှု အခြေအနေအား ကြည့်ရှုစစ်ဆေး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း