ပြည် ဇန်နဝါရီ ၂၁
ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင် (ပြည်)၏ (၃၀) ကြိမ်မြောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်း၏ မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်မြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းဌေးက သစ်လွင် ဆရာမ (၂) ဦးနှင့် အပတ်စဉ် (၃၀) မောင်မယ်သစ်လွင်များအား နှုတ်ခွန်းဆက်စကား ပြောကြား သည်။
ဆက်လက်ပြီး ဒုတိယနည်းပြ (၂) ဦး၏ ကိုယ်စား ဆရာမတစ်ဦးမှ လည်းကောင်း၊ Senior သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးမှလည်းကောင်း၊ အပတ်စဉ် (၃၀) သူနာပြု-သားဖွား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှလည်းကောင်း နှုတ်ခွန်းဆက်စကား၊ ကျေးဇူးတင်စကားများ အပြန်အလှန် ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယနည်းပြ (၂) ဦးအား ကျောင်းအုပ်ကြီးနှင့်တကွ သင်တန်းသူ (၄) ဦးတို့က ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)