မြောက်ဥက္ကလာပမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦ မှတ်တမ်းတင်ခြင်း လုပ်ငန်းဆောင်ရွက်

မြောက်ဥက္ကလာပ ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အဦးမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်(၈) နာရီ (က)ရပ်ကွက်နှင့် (ဈ) ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် (က)ရပ်ကွက် မေသီလမ်းနှင့်  (ဈ)ရပ်ကွက် Census Unit 001 တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင် ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အဦး စာရင်းတင်ခြင်း (ဆ-၀၂) ကောက်ယူ ခြင်းလုပ်ငန်းကိုမြို့နယ် လဝကမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများပူးပေါင်း၍ အဖွဲ့(၂)ဖွဲ့ခွဲကာ အဆောက်အဦးမှတ်တမ်းတင်ခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍မြို့နယ် လ၀ကမှူး ဦးစီးအရာရှိ ဦးထွန်းထွန်းနှင့် ဝန်ထမ်းများက (ဃ)ရပ်ကွက် ပန်းခင်း(၃)စီမံချက်ကွင်းဆင်း ဆောင်ရွက်မှုတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အိမ်တိုင်ရာရောက်ပေးအပ်ခဲ့ပြီး တံတားကြီးရပ် ကွက်တွင်လည်း ဒု-လဝကမှူး ဒေါ်မို့မို့စံဦးဆောင်သောအဖွဲ့မှBiometric ကောက်ယူခြင်းလုပ် ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)