ညောင်ဦးမြို့နယ် ရွှေလှိုင်းကျေးရွာ မီးကြွင်းမီးကျန်မှ တဆင့်မီးလောင်မှုဖြစ်ပွား ကလေးငယ်တစ်ဦးသေဆုံး

ညောင်ဦး  ဇန်နဝါရီ  ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းနယ်မြေမီးသတ်စခန်း၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ တောင်ဇင်းအုပ်စု၊ ရွှေလှိုင်းကျေးရွာ၌ ဇန်နဝါရီ ၂၀ ရက်၊ နံနက် ၉ နာရီအချိန်ခန့်က မီးကြွင်းမီးကျန်မှတဆင့်လူနေအိမ်မီးလောင်ခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်နေရာသို့ တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ စခန်းတာဝန်ခံ တပ်ကြပ်ကြီးသိန်းကျော် ဦးဆောင်သောမီးသတ်တပ်ဖွဲ့(၆)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၄)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့်သွားရောက်မီးငြှိမ်းသတ်ရာ  ၉ နာရီ ၈ မိနစ်ခန့်တွင်မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ ညောင်ဦးမြို့နယ် ရွှေလှိုင်းကျေးရွာနေ ဦးမောင်စိုး(ဘ)ဦး တင်အေး ၄၈ နှစ်ပိုင်ဆိုင်သော ၁၅ X ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ မြေစိုက်လူနေအိမ်တွင် အိမ်ထောင်ဦးစီးဖြစ်သူ ဦးမောင်စိုးသည် အခြားရွာသို့ အလုပ်လုပ်ထွက်သွားပြီး အမျိုး သမီးဖြစ်သူမှ ထမင်း၊ ဟင်းချက်ပြုတ်ကျန်ရစ်စဉ် ချက်ပြုတ်ပြီးစီးချိန်၌ အိပ်ပျော်နေ သော(၁၅)ရက်သားအရွယ်သမီးဖြစ်သူအား အိမ်တွင်ထားရစ်ကာ အိမ်လည်ထွက်သွားစဉ် မီးကြွင်းမီးကျန်မှတဆင့် ထရံသို့ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၄င်းတို့ပိုင်ဆိုင် သော ၁၅ X ၁၅ ပေ၊သွပ်မိုး ၊ ထရံကာ  မြေစိုက်လူနေအိမ်(၁)လုံးမီးလောင်ကျွမ်းဆုံးရှုံး ခဲ့ပြီးကလေးငယ်တစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပေါ့ဆမှုကြောင့်မီးလောင်မှုဖြစ်စေခဲ့သူ ဒေါ်အေးမူ အား  ညောင်ဦးမြို့နယ် မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဒီပါလင်း