ချမ်းမြသာစည်မြို့နယ် သန်းခေါင်စာရင်းကော်မတီ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ချမ်းမြသာစည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လိပ်သိုမြို့တွင် ဒေသထွက်မျှစ်ပြုတ်များ ရောင်းဝယ်မှု အားကောင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် မိုးနှောင်းကာလ မျှစ်များ ရှားပါးလာချိန်၌ ဒေသထွက်မျှစ်ပြုတ်များ ရောင်းဝယ်မှု အားကောင်းလျက်ရှိနေကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် မိသားစုကိုယ်ပိုင် မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအားဖိတ်ခေါ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကြံခင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကို အခြေခံပညာအထက်တန်းကျောင်း (မျောက်ချောကုန်း)တွင် ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မျောက်ချောကုန်းကျေးရွာရှိ  အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကို   စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ချမ်းမြသာစည်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန် ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတ လေ့လာဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို အမှတ် (၂) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သရက်မြို့၌ သရက်ခရိုင်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်ဆေးရုံအစည်းအဝေးတွင် ကျင်းပခဲ့သည်။

လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် ရေပြန်လည်ကျဆင်းနေပြီဖြစ်၍ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လျှပ်စစ်ဓာတ်ခွဲရုံများတွင် စုပေါင်းသန့်ရှင်ရေးဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် စက်တင်ဘာလ(၁၂)ရက်နေ့မှ စက်တင်ဘာလ(၁၈)ရက်နေ့အထိ သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် သံလွင်မြစ်ကမ်းပါးရှိ ရပ်ကွက်များနှင့်ကျေးရွာများတွင် ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ရေပြန်လည်ကျဆင်းလာပြီးဖြစ်၍  စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းနှင့် လျှပ်စစ်ဓါတ်အားခွဲရုံ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

အမရပူရမြို့နယ်တွင် သရက်သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးပြည့်မီရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်

အရေးကြီးသီးနှံများအပြင် သရက်စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် ဒေသထွက်သီးနှံများ စျေးကွက်ဝင်တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး ပြည်တွင်းစားသုံးမှုသာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချနိုင်ရေး၊ အရည်အသွေးပြည့်မီသောသီးနှံရရှိစေရေးအတွက် ဆောင်ရွက်ရမည့်နည်းပညာများကို ပိုမိုသိရှိနိုင်စေရန် အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အမရပူရမြို့နယ်၊ တောတွင်အုပ်စု၊ ရွာဦးကျောင်းဓမ္မာရုံတွင် ယမန်နေ့နေ့လည် ၁ နာရီချိန်က သရက်အထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးကောင်းမွန်ရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to