ကျောင်းကုန်းမြို့၌ “ဓမ္မကွန်ယက်ပေးသောလက်ကုသိုလ်တော်ဆေးခန်း” စတင်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ အမှတ်(၄)ရပ်ကွက်၊ ဓမ္မစာဂီအုတ်တွင်းကျောင်းတိုက် ဓမ္မာရုံ၌ “ဓမ္မကွန်ယက်ပေးသောလက် ကုသိုလ်တော်ဆေးခန်း” ကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က စတင်ကုသပေးလျက်ရှိသည်။