လွိုင်လင်မြို့နယ်အဆင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်လှစ်လျက်ရှိ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လွိုင်လင်မြို့ အမှတ်(၁) ရပ်ကွက်တွင် မြေပြင်ကွင်းဆင်း စမ်းသပ်ကောက်ယူလျက်ရှိသည်။

ကျိုင်းတုံမြို့၌ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်နိုင်ရေး ပန္နက်တင်ခြင်းနှင့် ရေဘေးသင့်ပြည်သူအား ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျေးရွာများအတွင်း ရေရှည်ဖွံ့ဖြိုးသော စာကြည့်တိုက်များပေါ်ထွန်းလာစေရန်အတွက် စာကြည့်တိုက်ဆောက်လုပ်နိုင်ရေး ပန္နက်တင်ခြင်းနှင့် ရေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ယန်းကျိန်အုပ်စု၊ တာခွယ်ကျေးရွာ၌ ကျင်းပခဲ့သည်။

မိုင်းယန်းမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လက်တွေ့ကွင်းဆင်းကောက်ယူနေမှုအား တာဝန်ရှိသူများမှ အားပေးကြည့်ရှု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသားများ ဟော်တိုက်ရပ်ကွက်အတွင်း၌ လက်တွေ့ကွင်းဆင်းကောက်ယူနေမှုအခြေအနေများကို ယမန်နေ့နံနက် ၉ နာရီခွဲက တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲအခမ်းအနားပြုလုပ်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ အခမ်းအနားကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ်တွင် စာနာသောလက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ TCRC ဆိုင်ရာ ဗဟုသုတမျှဝေခြင်း ဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ဟိုပုံးမြို့အ​ခြေပြု စာနာသောလက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ TCRC ဆိုင်ရာဗဟုသုတမျှဝေခြင်း ​ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သီရိဟံသာခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။

ရွှေဘိုမူလတန်းကြို​ကျောင်း (၂၀၂၃-၂၀၂၄) ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအ​ဝေးနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်နေရာချထား​ရေးဝန်ကြီးဌာန၊ ​လူမှုဝန်ထမ်းဦးစီးဌာန​ရွှေဘိုမြို့နယ် မူလတန်းကြို​ကျောင်း (၂၀၂၃-၂၀၂၄) ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအ​ဝေးနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ကျင်းပရာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်ကြွယ်ကြွယ်ဝင်းက ​မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအ​ဝေးနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်​ပေးရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၊ သမဝါယမအသင်းစု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် သမဝါယမအသင်းစုရုံး၌ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

သရက်မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက သရက်မူလတန်းကြိုကျောင်းတွင် ကျင်းပရာပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ တက်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ညောင်ဦးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လယ် ၂ နာရီအချိန်ကလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
Subscribe to