လယ်ဝေးမြို့နယ်တွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

လယ်ဝေး ဇန်နဝါရီ  ၁၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ Grade-10 မှ ကျောင်းသား၊ ကျောင်းသူလေးများက ပညာ့ဗိမာန်သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်သည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးနိုင်လင်းထွန်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးဦးအောင်လွင်က လယ်ဝေးမြို့နယ်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ဗဟိုအဆင့်၊ တိုင်းခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့တွင် ပညာရေး၊ အားကစားနှင့် အခြားဘက်စုံထူးချွန်ဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာသည့် ဧည့်သည်များနှင့် ကျောင်းသားမိဘများအား ကျောင်းသား၊ ကျောင်းသူ​လေးများက သီချင်းသရုပ်ဖော်အကများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)