၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက အ.ထ.က၊ လင်းခေး(ပတ္တမြား)ခန်းမ၌ ကျင်းပသည်။

ကျိုက်လတ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ (၂၅) ရက်၊ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေးရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ (၁) နာရီက ဆူးကလပ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ လူဦး​ရေနှင့်အိမ်အ​ကြောင်းအရာသန်းခေါင်စာရင်း သင်တန်းသား၊ သင်တန်းသူများ လက်​တွေ့ကွင်းဆင်း​ကောက်ယူ

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်း​ကောက်သင်တန်းသား၊ သင်တန်းသူများသည် ​မြေပြင်တွင် လက်​တွေ့ကွင်းဆင်း​ကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက ​စျေးတန်းရပ်ကွက်တွင် ကွင်းဆင်း​ကောက်ယူခဲ့​ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးပွဲကို   ယမန်နေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

သရက်ချောင်းမြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး  လူငယ်စကားဝိုင်းကျင်းပ

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်အတွက်တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။

ချောက်မြို့၌ ကျောင်းသား၊​ ကျောင်းသူများဖြင့် "စကားပြောစွမ်းရည်" ပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ "စကားပြောစွမ်းရည်ပြိုင်ပွဲ"ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

မအူပင်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် (ပထမနေ့) စည်ကားသိုက်မြိုက်စွာကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုခြင်းမှ ရရှိလာသော အသိပညာဗဟုသုတများ ပြန်လည်မျှဝေနိုင်စေရန်နှင့် စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်ချက်များဖြင့် ယမန်နေ့နံနက် (၉) နာရီက မအူပင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။

မိုင်းဖြတ်မြို့နယ်၊ ပါ​လောင်း​ကျေးရွာ၌ ကျေးရွာစာကြည့်တိုက်​ပြုပြင်နေမှုအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ပါ​လောင်းကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေး ရန်ပုံ​ငွေဖြင့် ပြုပြင်​ဆောင်ရွက်သည့် ရှင်သန်ခြင်းစာကြည့်တိုက် ပြုပြင်​ဆောင်ရွက်​နေသည့် အ​ခြေအ​နေများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြား​ရေးနှင့်ပြည့်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်၌ မြေယာလျော်ကြေးငွေ ပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ (၁) နာရီက ငဝန်မြစ်ကူးတံတား(မြို့ကွင်း) ချဉ်းကပ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ပါဝင်သွားသော တောင်သူများအား လမ်းဦးစီးဌာနမှ မြေယာလျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
Subscribe to