မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) မှ ရေဘေးသင့်ပြည်သူများထံ သွားရောက်လှူဒါန်း
မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများတွင် ရေဘေးသင့်ခံခဲ့ရသည့် ပြည်သူများအား စေတနာရှင်အလှူရှင်များက ကူညီထောက်ပံ့ပေးအပ်လှူဒါန်းလျက်ရှိရာ ရေဘေးဒဏ်ခံခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI) မှ ကျောက်ဆည် ခရိုင်အတွင်း ရေဘေးသင့်ခံခဲ့ရသည့်နေရာများသို့ ယမန်နေ့က ကိုယ်တိုင်သွားရောက် ကူညီထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့သည်။