ငပုတော ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေစေရေးအတွက် မြို့နယ်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှူ ကော်မတီက “Don’t Dink And Drive “မူးလျှင်မမောင်းနှင့် မောင်းလျှင်မမူး” နှင့် “Don’t Use Cell Phone While Driving “၊ အန္တရာယ်ကင်းဝေးစေဖို့ ဖုန်းသုံးစွဲမှု ရှောင်ရှားစို့၊ ပိုစတာများကို ယမန်နေ့ညနေပိုင်းက ငပုတောမြို့အဝင်နှင့် ရပ်၊ ကြည့်၊ သွား ဆိုင်းဘုတ်များကို ယင်းမာလမ်း၊ မဂ္ဂလမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းမကြီးတို့တွင် စိုက်ထူပေးခဲ့သည်။
ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဖြင့် မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)