ကျိုက်မရော ဇန်နဝါရီ ၁၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း(book club)တို့ ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”လူငယ်နှင့် ပညာဆိုင်ရာစာစု စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ က လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ် မြတ်ထွေးက စာဖတ်ရှိန်မြင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး book club အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးဝေဖြိုးအောင်က လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများခေါင်းစဥ်ကိုလည်းကောင်း၊ အဖွဲ့ဝင် ဒေါ်အိသက်မွန်က အမွေခံတစ်ယေက်အမွေပေးသူတစ်ရာ ခေါင်းစဥ်ကိုလည်းကောင်း၊ အဖွဲ့ဝင်ဒေါ်မာသီက ပညာတတ်ဖို့စာဖတ်ရမည် ခေါင်းစဥ်တို့ဖြင့် ဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြသထားသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးနံရံကပ်စာစောင်များကို လေ့လာကြည့်ရူခဲ့ကြသည်။
မိချို (ပြန်/ဆက်)