မိုးညှင်း ဇန်နဝါရီ ၁၈
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် မူးယစ်ဆေးဝါးကင်းစင်ရေး အသိပညာပေးဟောပြောပွဲကို ၁၆-၁-၂၀၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၃၀ က ရတနာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဖွင့်အမှာစကား ပြောကြာရာတွင် တက္ကသိုလ်ပတ်ဝန်းကျင်၌ မူးယစ်ဆေးဝါး ပပျောက်ကင်းစင်နိုင်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲးတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃)မှ ဒုရဲအုပ်အောင်သူက မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးသုံးစွဲသူ၏ ကျန်းမာရေးလက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲးရခြင်း၏ အကြောင်းရင်းများနှင့် မှုယစ်ဆေးဝါးသုံးစွဲခြင်း၏ ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒုတိယခရိုင်ဥပဒေအရာရှိ ဦးစိုင်းဝင်းမင်းထွန်းက မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဥပဒေဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး မိုးညှင်းခရိုင် ပြည့်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးက မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ပြောကြားခဲ့ကြသည်။
ထို့နောက် လာအိုနိုင်ငံတွင် ဒုတိယအကြိမ် မူးယစ်ဆေးဝါး ကြိုတင်ကာကွယ်ရေးလုပ်ငန်းအစီစဥ်ဆိုင်ရာ လူငယ်ကွန်ယက်သို့ ပါဝင်တက်ရောက်ခဲ့သည့် အင်္ဂလိပ်စာအထူးပြု တတိယနှစ် ဂုတ်ထူးတန်းကျောင်းသား မောင်ပိုင်ခန့်သော်မှ အတွေ့အကြုံများကို ရှင်းလင်းပြေားကြားပြီး တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများအား အုပ်စုများဖွဲ့၍ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာနှီးနှောဆွေးနွေး ဂိမ်းကစားခြင်းလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြပြီး တာဝန်ရှိသူများက အမှတ်တရ ဆုလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဝေဦး