ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် သာပေါင်းမြို့နယ်၊ အခြေခံပညာ အလယ်တန်းကျောင်း (ကွမ်းခြံကုန်း)တိုးချဲ့ဆောင် ဆောက်လုပ်နေမှုအား မြို့နယ်ကြီးကြပ်မှုကော်မတီမှ ကြည့်ရှုစစ်ဆေး

သာပေါင်း ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငဝန်ကြို့ကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ကွမ်းခြံကုန်း) တိုးချဲ့ဆောင် ဆောက်လုပ်နေမှုအခြေအနေများအား ယနေ့ဇန်နဝါရီလ ၁၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်က လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ဦး‌ကျော်လွင်မိုး (လက်ထောက်မြို့နယ်ပညာရေးမှူး)၊ ဦးဇေယျာကိုကို (အငယ်တန်း အင်ဂျင်နီယာ)က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အတွက် ရန်ပုံငွေ(၉၀၀)သိန်းမှ (၁၅၀)သိန်းဖြင့် ငဝန်ကြို့ကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း (ကွမ်းခြံကုန်း)တိုးချဲ့ဆောင် (၆၀’x၃၀’)ပေ ဆောက်လုပ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလပြီးစီးရေးတို့နှင့် လိုအပ်သည်များမှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)