ဆီဆိုင်မြို့နယ်ရှိ လွယ်ဆံဆစ်ကျေးရွာ အ.လ.က(ခွဲ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူ လူငယ်များ စာပေနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်တတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုတများ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ပါလောပါကယ်ကျေးရွာအုပ်စု၊ လွယ်ဆံဆစ်ကျေးရွာ အ.လ.က(ခွဲ)ကျောင်း၌ ကွင်းဆင်းဆောင်ရွက် ခဲ့သည်။