ကျိုက်လတ်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်လှစ်ပို့ချ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။

မိတ္ထီလာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ (နဝမ) အကြိမ်မြောက် ပြန်လည်ထုတ်ချေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြာကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွါးလာစေရန်နှင့် တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်‌ကျေးရွာစီမံကိန်းအား(နဝမ)အကြိမ်မြောက် ထုတ်ချေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးစပါးသီးနှံထိခိုက်ပျက်စီးသွားသည့် တောင်သူများအား မျိုးစပါးနှင့် ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့

ယခုနှစ်တွင် ကရင်ပြည်နယ်အတွင်း နှစ်ကြိမ်တိုင်တိုင်ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ကြောင့် မိုးစပါးဧက ၃၅၃၉၁ ဧက ရေနစ်မြုပ်ခဲ့ကာ ၃၁၂၉၆ ဧက ထိခိုက်၍ ၁၄၄၆၁ ဧက ဒုတိယအကြိမ်ထပ်မံပျက်စီးခဲ့ရသည့်အတွက် ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ မိုးစပါးသီးနှံထိခိုက်ပျက်စီးတောင်သူများအား မျိုးစပါးနှင့် ဓါတ်မြေဩဇာများထောက်ပံ့ပေးအပ်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက်လမ်း/ တံတားများပျက်စီးမှုနှင့် ပြန်လည်ပြုပြင်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စက်တင်ဘာလ(၁၀)ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့အတွင်းရှိ ကျေးရွာချင်းဆက်လမ်း/တံတားများပျက်စီးမှုနှင့် ပြန်လည်ပြုပြင်နေမှုအခြေအနေများအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဟိုတယ်အဂ္ဂဗေ(၂)ဖွင့်ပွဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ အသိပညာပေးဟောပွဲနှင့် ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၌ အသစ်တည်ဆောက်ဖွင့်လှစ်သော ဟိုတယ်အဂ္ဂဗေ(၂)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက အဆိုပါဟိုတယ်သစ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။

ပေါင်းတည်၌ နွားနှင့်ဆိတ် မေထုန်မဲ့သားစပ်သင်တန်း(၂/ ၂၀၂၄/ပခ)ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်‌သော နွားနှင့်ဆိတ် မေထုန်မဲ့သားစပ်သင်တန်း(၂/၂၀၂၄/ပခ)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပေါင်းတည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမ၌ ကျင်းပရာ ပေါင်းတည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များနှင့် နတ်တလင်း၊ ပေါင်းတည်၊ သဲကုန်းမြို့နယ်များမှ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

စစ်ကိုင်းမြို့၊ ရွာထောင်ဘိုးဘွားရိပ်သာရှိ အဘိုး/ အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်/ မြို့နယ် အမျိုး သမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အဆိုပါဘိုးဘွားရိပ်သာ၌ ကျင်းပဆောင်ရွက်သည်။
Subscribe to