ကော့သောင်းမြို့တွင် နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေး
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီး (၆)လပြည့်ပြီးသူ၊ တတိယအကြိမ် ထပ်ဆောင်းကာကွယ် ဆေးထိုးနှံပြီး(၆)လပြည့်ပြီး သူ၊စတုတ္ထအကြိမ်ထိုးနှံပြီး(၆)လပြည့်ပြီးသူနှင့် ပဥ္စမအကြိမ်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီး(၆)လပြည့်ပြီးသူ နိုင်ငံဝန်ထမ်းများအား ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီခွဲအချိန်မှစတင်၍ ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ပထမနေ့အဖြစ် ထိုးနှံဆောင်ရွက်ခဲ့ကြောင်း သိရသည်။