ဆိပ်ဖြူမြို့၌ ဓာတ်မြေသြဇာ လက်လီ/လက္ကား ဖြန့်ဖြူးရောင်းချသည့် ဆိုင်များအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၌ ဓာတ်မြေသြဇာ လက်လီ/လက္ကား ဖြန့်ဖြူးရောင်းချသည့် ဆိုင်များအား ဒေသအလိုက်သတ်မှတ် ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ မြို့နယ်ယူရီးယား ဓာတ်မြေဩဇာဝယ်ယူဖြန့် ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။