ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

ဟိုပုံး ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက် () နာရီက အဆိုပါကျောင်း၌  ကျင်းပပြုလုပ်ရာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူး‌မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကိုကိုလင်း၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေနှင့် အမှတ် () အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်မကြီး ဒေါ်တင်‌တင်‌အေးတို့က ပညာရေးစုံညီပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် ဘင်ခရာအဖွဲ့မှ သရုပ်ပြတီးခတ်မှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဧကာဒဿမတန်းမှ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဖျော်ဖြေပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူး‌မောင်၊ ဟိုပုံးမြို့နယ်ပညာရေးမှူး ဦးမြင့်ဝေနှင့် ကျောင်းကော်မတီများကိုယ်စား ဦးခွန်မြင့်သိန်းတို့က အမှာစကား ပြောကြားပြီး အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်တင်တင်‌အေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။     

၎င်းနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း Grade အသီးသီးတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူ‌များက အကပဒေသာ များဖြင့် ကပြဖျော်ဖြေကြပြီး ကပြ‌ဖျော်ဖြေတင်ဆက်ပေးသည့် အကအဖွဲ့များအား တာဝန်ရှိသူများတို့က ဆုများပေးအပ်ကြသည်။

ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူး‌မောင်၊ ဒေသအဆင့် မြို့နယ်အဆင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများတို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန် ရွေးချယ်ခံရသော ကျောင်းသား/ကျောင်းသူများ၊ ကျောင်းတက်မှန်ဆုရရှိ‌သော  ဆရာမများအားလည်း‌ကောင်း၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ တွင်ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများ အားလည်းကောင်း၊ ဘင်ခရာနည်းပြ အထက်တန်းကျောင်းအုပ် ဆရာကြီး (ငြိမ်း) ဦးစိုးပိုင်အား ဂုဏ်ပြုဆုအားလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆရာ/ဆရာမများ အားမာန်ဆုအားလည်း‌ကောင်း၊ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊  ပညာတန်ဆောင်စာပေပြိုင်ပွဲ မူလတန်းအထက်ဆင့် ရုပ်ပြစာစီစာကုံးပြိုင်ပွဲ၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲနှင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ စသည့်စာ‌ပေ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား လည်းကောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade အသီးသီးတို့တွင် ပညာရည်ချွန်ဆုရှိသော ကျောင်းသား/ကျောင်းသူ‌များအားလည်းကောင်း အသီးသီးဆုများ ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ ပညာရေးစုံညီပွဲတော်သို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူး‌မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကိုကိုလင်း၊ ဒေသအဆင့်/မြို့နယ်အဆင့်ပညာရေးဌာန မှတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရှိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)