မင်းလှမြို့ မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ကျင်းပ

အထက်မင်းလှ  ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေနံနက် (၉)နာရီက ကျင်းပရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော်သီချင်းဖြင့် ဖွင်လှစ်ပေးပြီး မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာခြည်ထွန်းက အမှာစကားပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ အရည်အသွေးပြည့်ဝသော မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးနိုင်မည့် ဘက်စုံပညာရေးစနစ် သက်ဝင်ရှင်သန်စေရန် ဆရာ၊ ဆရာမများက မိဘပြည်သူများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းမြှင့်တင်ဆောင်ရွက်ပေးကြရန် ပြောကြားပြီး ကျောင်းအကျိုးတော်ဆောင် ဦးသောင်းထိုက်က ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် မိဘဆရာပူးပေါင်း၍ အလေးထားဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မြို့နယ်အဆင့် ကာယ၊ ဉာဏပြိုင်ပွဲများတွင် ထူးချွန်စွာ ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)