စာပေဟောပြောပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

တပ်ကုန်း   ဇန်နဝါရီ   ၃

နေပြည်တော် တပ်ကုန်းမြို့နယ်တွင် စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီမှ ကြီးမှူးကျင်းပမည့်  စာပေဟောပြောပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီး၏ ဂေါပကအဖွဲ့ရုံးခန်းတွင် ကျင်းပသည်။

အောင်လံမြို့တွင် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲကျင်းပ

အောင်လံ     ဇန်နဝါရီ     ၃      

သရက်ခရိုင်၊ အောင်လံမြို့၌ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့   ပူးပေါင်းကျင်းပသော (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို  ယမန်နေ့ မွန်းလွဲ (၂) နာရီက  အ.ထ.က(၁) ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ကျောက်တန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် UNICEF (မြန်မာ) မှ လှူဒါန်းသော တိုင်းရင်းသား ပုံပြင်များအခမဲ့လာရောက်လေ့လာဖတ်ရှုနိုင်

 

ကျောက်တန်း    ဇန်နဝါရီ     ၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်  UNICEF (မြန်မာ) မှ ကလေးစာပေတိုင်းရင်းသား ပုံပြင်စာအုပ်များကို လှူဒါန်းထားကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delievery) ကို ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က နမ့်လန်ကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာ မဇ္စျိမာရာမအလယ်ကျောင်းတိုက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

စပါယ်နံ့သာ-ကန့်ဘလူ-ကျွန်းလှလမ်းပိုင်းကတ္တရာလမ်းချဲ့ခြင်း၊ ထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းပုခုံးခင်းခြင်းလုပ်ငန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ စပါယ်နံ့သာ-ကန့်ဘလူ-ကျွန်းလှလမ်းပိုင်းအား ကတ္တရာလမ်းချဲ့ခြင်း၊ ထပ်ပိုးလွှာခင်းခြင်းနှင့်ကျောက်ရောမြေလမ်းပုခုံးခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ရိုးရာဖိတ်ခေါ်လှေလှော်ပြိုင်ပွဲ ရေဖြူမြို့၌ ကျင်းပ

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရိုးရာဖိတ်ခေါ်လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပထမနေ့ပြိုင်ပွဲကို တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ (ခ)ရပ်ကွက်၊ ကမ်းနားလမ်း၌ ထားဝယ်မြစ်အတွင်း ယနေ့ နံနက်(၁၀:၀၀)နာရီတွင် ကျင်းပသည်။

မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ငဖဲမြို့နယ်တွင် ယူနီကုဒ်ပြောင်းလဲခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) တို့ပူးပေါင်း၍ ယူနီကုဒ်စနစ် ပြောင်းလဲခြင်း ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ နှင့် အခမဲ့ယူနီကုဒ် စနစ်ပြောင်းလဲခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်/ဆက်ဦးစီးဌာနရုံး ပြည်သူ့ စာကြည့်တိုက်ခန်းမ ၌ ကျင်းပပြုလုပ်သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာဖတ်ခြင်းဖြင့် မိမိကိုယ်ကို မြှင့်တင်ခြင်းနှင့် အသိပညာပြန့်ပွားရေး စာပေဟောပြောပွဲ ဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ စာပေချစ်သူများအသင်းမှ ကြီးမှူးကျင်းပသည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်ခြင်းဖြင့် မိမိကိုယ်ကို မြှင့်တင်ခြင်းနှင့် အသိပညာပြန့်ပွားရေး စာပေဟောပြောပွဲကို ယမန်နေ့ ည ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် (ဋ)ရပ်ကွက်၊ ဥဇ္ဇနာလမ်းမကြီး၌ ကျင်းပပြုလုပ်သည်။

ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် မဟာဒုတ်စာရေးတံမဲ၊ ဆွမ်းဆပ်ကပ် လှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် တည်ထားကိုးကွယ်သော ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် မဟာဒုတ်စာရေးတံမဲ၊ ဆွမ်းဆပ်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်(၈)နာရီတွင် မြတ်စောညီနောင်စေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to