ကျေးသီးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ

ကျေးသီး ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနဝန်းအတွင်းရှိ မြို့တော်ခန်းမ၌ ယနေ့နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပထမပိုင်းအခမ်းအနားတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထူးထက်၊ ခရိုင်ပညာရေးမှူး ဦးအေးဝင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဋ္ဌ ဒေါ်မေဇင်ဖြိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးလူလှ မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်ဥမ္မာဆွေ၊ ဌာနဆိုင်ရာအကြီးအကဲများတို့က ဘင်ခရာအဖွဲ့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဘင်ခရာအဖွဲ့က သရုပ်ပြဖျော်ဖြေကာ တက်ရောက်လာကြသူများအား မြို့တော်ခန်းမအတွင်းသို့ ပို့ဆောင်ခဲ့ကြသည်။

ဒုတိယပိုင်းအခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါတယ်စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ကျေးသီးမြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မိုင်းရှူးခရိုင် ခရိုင်ပညာရေးမှူး ဦးအေးဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်ဥမ္မာဆွေက  ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးသီးမြို့နယ် ပညာရေးစုံညီပွဲတော်ကျင်းပနိုင်ရေးအတွက် ပါဝင်လှူဒါန်းကြသည့် အလှူရှင်များအား မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ဥမ္မာဆွေက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနား အားကျင်းပရာ ကျေးသီးမြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ  ကာယစွမ်းရည်ဆုများ၊ ဉာဏစွမ်းရည် ဆုရရှိသူများကို ကျေးသီးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထူးထက်၊ ခရိုင်ပညာရေးမှူး ဦးအေးဝင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဋ္ဌ ဒေါ်မေဇင်ဖြိုး၊ ခလရ-၁၃၁ ဗိုလ်မှူးခိုင်သန်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးလူလှ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီးတို့က ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကာ ကျောင်းသား/ကျောင်းသူများက သီချင်းများ၊ တေးသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)