ညောင်လေးပင် အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ညောင်လေးပင်မြို့ခရိုင် ရဲတပ်ဖွဲ့မှူးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ညောင်လေးပင်ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်နိုင်ထွန်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်မှပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် ဂုဏ်ပြုဆုများအား အသီးသီး ချီးမြှင့်ပေးခဲ့ပြီး ရဲမှုထမ်းဟောင်းနှင့် တပ်ဖွဲ့ဝင်မိသားစုများအား တာဝန်ရှိသူအသီးသီးက ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနားသို့ ညောင်လေးပင်ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်နိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ရဲမှုထမ်းဟောင်းများနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)