ညောင်လေးပင်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကွင်းဆင်းကောက်ယူ

ညောင်လေးပင် အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းကစတင်၍ ညောင်လေးပင်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူခြင်းကို တာဝန်ရှိသူများက ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများကို ညောင်လေးပင်ခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ စာရင်းစစ်စာရင်းကောက်အဖွဲ့တို့နှင့် ပူးပေါင်းအဖွဲ့များက အစုအဖွဲ့များဖြင့် တစ်ပြိုင်တည်း ကွင်းဆင်းကောက်ယူခဲ့သည်။

ဆက်လက်၍ ကွင်းဆင်းကောက်ယူရာတွင် မြို့ပေါ်ရပ်ကွက် (၁၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၈) အုပ်စုရှိပြီး သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့ ၂၈ ဖွဲ့တို့က၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြာင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ပြီ ကွင်းဆင်းကောက်ယူနေမှုကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)