မုဒုံမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူ

မုဒုံ   အောက်တိုဘာ  

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်က မြို့မ()၊ နိုင်လှုံ၊ ကွမ်လှာ ရပ်ကွက်/ကျေးရွာများ၌ စတင်ကွင်းဆင်းကောက်ယူသည်။

ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာများအတွင်းရှိ အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်များနှင့် အိမ်အကြောင်းအရာ (၆၈)ချက်တို့ကို မေးမြန်းကောက်ယူသွားမည်ဖြစ်ပြီး ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့သည်။

မုဒုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ (၄၂)မှ ကောက်ကွက်ပေါင်း (၂၆၆) ကွက်၌ စာရင်းစစ် (၂၂) ဦး၊ စာရင်းကောက် (၈၂)ဦးတို့က အဖွဲ့များခွဲကာ CAPI နည်းပညာဖြင့် Tablet အသုံးပြု၍ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)