ဒက္ခိဏသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ စတင်ကွင်းဆင်းကောက်ယူ

နေပြည်တော် အောက်တိုတာ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသည် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်နှင့်ကျေးရွာများတွင် စတင်ကွင်းဆင်းကောက်ယူလျက်ရှိသည်။

ကွင်းဆင်းကောက်ယူရာတွင် ရပ်ကွက် ၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈ အုပ်စု၊ ကျေးရွာပေါင်း ၂၉ ရွာ၌ ကောက်ကွက်ပေါင်း ၉၆ ကွက်ရှိပြီး စာရင်းစစ်စာရင်းကောက် ၃၇ ဦးဖြင့် မြို့နယ်အဆင့်/ရပ်ကျေး အဆင့်ကြီးကြပ်မှုကော်မတီများဖွဲ့စည်းပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအား အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ တစ်ချိန်တည်း တစ်ပြိုင်တည်း စာရင်းကောက်ယူလျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲမှုကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံအသုံးပြုရသည့် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ ကိန်းဂဏာန်းအချက်အလက်များကိုရရှိစေရန်ရည်ရွယ်၍ စက်တင်ဘာလ ၃၀ ရက်နေ့ ညသန်းခေါင်းယံအချိန်ကို သန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ် သတ်မှတ်၍ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းနေထိုင်သူအားလုံးကို ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

နေထက်ပိုင်(ပြန်/ဆက်)