ကိုကိုးကျွန်း အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မြို့နယ်အဆင့်စာရင်းစစ်/ စာရင်းကောက်များသည် မြို့နယ်အတွင်း ကွင်းဆင်းကောင်ယူခြင်းကို ယမန်နေ့နံနက်ပိုင်း (၇) နာရီအချိန်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်းမြို့နယ်တွင် အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်နှင့် ကန်တော်မင်စသောအုပ်စု၌ ကောက်ကွက်ပေါင်း (၃)ခုရှိပြီး စာရင်းစစ်/ စာရင်းကောက်ယူဦးရေ (၈) ဦးတို့က အဖွဲ့ (၅) ဖွဲ့ဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပါင်းကာအောက်တိုဘာလ ၁ ရက်နေ့မှစ၍ ၁၅ ရက်နေ့အထိ ရပ်ကွက်ကျေးရွာများတွင် CAPI နည်းပညာဖြင့် Tablet အသုံးပြုပြီး ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအတွင်းရှိ အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာအချက်အလက် (၆၈) ချက်တို့ကို မေးမြန်းကောက်ယူသွားမည်ဖြစ်ပြီး စာရင်းကောက်နေမှုများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဆန်းမင်းနှင့် ကော်မတီဝင်များက လှည့်လည်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကိုကိုးကျွန်း(ပြန်ဆက်)