ဝေါ အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင်၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက်/ ကျေးရွာများတွင် ကောက်ခံလျက်ရှိကြောင်း သိရသည်။
ဝေါမြို့နယ်အတွင်း ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူရာတွင် စာရင်းစစ်/ စာရင်းကောက်အဖွဲ့ (၂၆) ဖွဲ့မှ ကောက်ကွက်အလိုက် တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များက ကြပ်မတ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)