ကျောက်တလုံးကြီးမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း စတင်ဆောင်ရွက်

ကျောက်တလုံးကြီး အောက်တိုဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်များက ကွင်းဆင်းကောင်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်သည်။
ကျောက်တလုံးကြီးမြို့တွင် ရပ်ကွက်() ရပ်ကွက်၊ ကျေးရွာအုပ်စု()အုပ်စု၌ ကောက်ကွက်ပေါင်း (၁၁)ရှိပြီး စာရင်းစစ်/စာရင်းကောက်ယူဦးရေ (၅၅) ဦး၊ အဖွဲ့(၁၁)ဖွဲ့တို့က သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများနှင့်ပူးပါင်း၍ အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ ရပ်ကွက်ကျေးရွာများတွင် CAPI နည်းပညာဖြင့် Tablet အသုံးပြုပြီး ကောက်ယူလျက်ရှိသည်။
သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းရာသန်းခေါင်စာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအတွင်းရှိ အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာအချက်အလက် (၆၈)ချက်တို့ကို မေးမြန်းကောက်ယူလျက်ရှိပြီး စာရင်းကောက်နေယူမှုအခြေအနေများကို မြို့သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်နှင့်ကော်မတီဝင်များက လှည့်လည်အားပေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇော်နိုင်လင်း