လယ်ဝေးမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ စတင်ကွင်းဆင်းကောက်ယူနေမှုများအားကွင်းဆင်းကြည့်ရှုအားပေး
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းမြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များသည် အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်နှင့်ကျေးရွာများတွင် စတင်ကောက်ယူလျက်ရှိသည်။