မောက်မယ်မြို့နယ် ကွန်ကျိုင်းရပ်ကွက် အ.မ.ကကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကွန်ကျိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာ ရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်၉နာရီက အဆိုပါကျောင်းတွင်ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြောင်းသိရသည်။